Khit Thit Media
ရန်ကုန်၊ ဇွန် ၈ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် ၁၀ လကျော်ကြာ ပိတ်ထားခဲ့ရသည့် မဲဆောက်-မြဝတီ နယ်စပ်ရှိ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် အမြဲတမ်းနယ်စပ်ဂိတ်ကို ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ထိုင်းသွင်းကုန်များကို သွင်းခွင့်မပြုဘဲ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေကြောင်း နယ်စပ်ကုန်သည်များနှင့် ယာဉ်လိုင်းများထံမှ သိရသည်။ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကဖြစ်သော အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်လိုက်သော် လည်း စစ်ကောင်စီ၏ မူဝါဒအရ မြန်မာဘက်မှ ပို့ကုန်များကိုသာ ထိုင်းဘက်သို့ တင်ပို့ရန် အဓိကဦးစားပေးနေပြီး ထိုင်းဘက်မှ သွင်းကုန်များအတွက် လိုင်စင်ချပေးခြင်း မရှိသေးပေ။ စစ်တပ်က ထိုင်းသွင်းကုန်များ တင်သွင်းမှုကို တားမြစ်ထားရုံမျှမကဘဲ မြန်မာပြည်တွင်းသို့ တင်သွင်းနေသော ထိုင်သွင်းကုန်မှန်သမျှကို လိုက်လံဖမ်းဆီးရန် […] The post ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေး ကုန်သွယ်ရေးတံတား ပြန်လည်ဖွင့်သော်လည်း ထိုင်းသွင်းကုန်များ ဖမ်းဆီးရန် စစ်ကောင်စီ အမိန့်ထုတ်၊ ထိုင်းကုန်စည်များ သွင်းကုန်လိုင်စင်မပါလျှင် တရားမဝင် ကုန်အဖြစ် သတ်မှတ်ထား appeared first on Khit Thit Media .
Go to News Site