Khit Thit Media
ရန်ကုန်၊ ဇွန် ၈ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ယနေ့ တနင်္လာနေ့မနက်အစောပိုင်း ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် အဆောက်အအုံများပြိုကျပြီး ဆူနာမီရေလှိုင်းများ ရိုက်ခတ်နိုင်ခြေရှိသော သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်မှုများ ရှိနေပြီး ကမ်းခြေအနီးတွင် နေထိုင်သူများကို ကုန်းမြင့်ပိုင်းများသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန် သတိပေးထားသော်လည်း၊ လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရှိရသေးပေ။ ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ ငလျင်မှာ ယနေ့ နံနက် ၇ နာရီ ၃၇ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ငလျင်ဗဟိုချက်မှာ မင်ဒါနာအို (Mindanao) ကျွန်းပေါ်ရှိ ဂျင်နရယ်ဆန်းတို့စ် (General Santos) မြို့၏ အနောက်တောင်ဘက် ၈ မိုင် […] The post ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအို (Mindanao) ကျွန်းတွင် လှုပ်ခတ်သော ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံများစွာ ပြိုကျနေ appeared first on Khit Thit Media .
Go to News Site