Collector
Giriş Yap
မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ | Collector

မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

Credit to Popular Journal - နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်ဖွင့်လှစ်ရန်သဘောတူခဲ့ကြ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဂီအိုနိုသည် ဇွန် ၈ ရက်က နေပြည်တော်သို့တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိလာခဲ့သည်။ ထိုသို့ ရောက်ရှိလာပြီးနောက် ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့်တွေ့ဆုံကာ နှစ်နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးပွဲပြုလုပ်ပြီး ရေရှည်တည်ရှိခဲ့သည့် အစဉ်အလာချစ်ကြည်ရေးကို အခြေခံကာ သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် အာဆီယံအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် အတူတကွပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံကြား ရှိရင်းစွဲမိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်ရည်ရွယ်၍ ​စီးပွားရေးနှင့် ပြည်သူအချင်း ချင်းကူးလူးဆက်ဆံရေးတိုးမြှင့်ရန်၊ ​လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ၊ ​မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှ ပညာသင်ဆုများဆက်လက်ပံ့ပိုးပေးရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက မြန်မာနိုင်ငံသည် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံအဖြစ်ရပ်တည်နေပြီး မြန်မာနိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်သာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် နားလည်မှုအပြည့်ဖြင့် အပြုသဘောဆောင်ရပ်တည်ပေးခဲ့သည့် အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို […] The post မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ appeared first on Popular .

Go to News Site