Collector
Giriş Yap
နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရန် လွှတ်တော်သို့တင်ပြ | Collector
နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရန် လွှတ်တော်သို့တင်ပြ

နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရန် လွှတ်တော်သို့တင်ပြ

Credit to Popular Journal - တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီကို ဥက္ကဋ္ဌအဖြစ် မကွေးမဲဆန္ဒနယ်မှ ဦးစိုးတင့်နိုင်နှင့် အတွင်းရေးမှူးအဖြစ် မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်တို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းသွားမည်ဟု လွှတ်တော်သို့တင်ပြခဲ့သည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် လားရှိုးမဲ ဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်း၊ အတွင်းရေးမှူးအဖြစ် မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်းအပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းခြင်းကို လွှတ်တော်ကသဘောတူခဲ့သည်။ အဆိုပါ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကိုလည်း လွှတ်တော်ကအတည်ပြုခဲ့သည်။ The post နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရန် လွှတ်တော်သို့တင်ပြ appeared first on Popular .

Go to News Site