Popular Journal
Credit to Popular Journal - စားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံဧက(၅၂,၀၉၆)ကိုလျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်းတို့ကို ပြီးခဲ့သည့် မေလမှစတင်၍ လျာထားစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်အထိ မြေပဲ(၈,၆၃၆)ဧက၊ နှမ်း(၇၈)ဧကနှင့်နေကြာ (၂၅၄)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံဧက(၅၂,၅၁၆)စိုက်ပျိုးခဲ့ပြီး မြို့နယ်အတွင်း၌ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ထော ပတ်ပဲ၊ မတ်ပဲနှင့်အစေ့ထုတ်ပြောင်းတို့ကို အဓိကစိုက် ပျိုးကြောင်း သိရသည်။ The post စားသုံးဆီဖူလုံရေးအတွက် ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံဧက(၅)သောင်းကျော်လျာထားစိုက်ပျိုးနေ appeared first on Popular .
Go to News Site