Popular Journal
Credit to Popular Journal - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တနင်္လာနေ့(ဇွန်လ ၈ ရက်) က ပြုံယမ်းတွင် ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် သဘောတူခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက အင်္ဂါနေ့တွင် သတင်းဖော်ပြခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးကို အခန်းသစ်တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့သည်ဟု ကေစီအင်န်အေက ပြောကြားသည်။ ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်စလုံးသည် တစ်နိုင်ငံတည်းဖြစ်သည်ဟု ပေကျင်းကရှုမြင်သော တရုတ်တစ်နိုင်ငံတည်းမူကို နိုင်ငံတကာအခြေအနေများ မည်သို့ပင်ပြောင်းလဲစေကာမူ သူ အပြည့်အဝထောက်ခံသွားမှာဖြစ်ကြောင်း ကင်မ်က ရှီကို ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။ ခုနစ်နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ်အဖြစ် ယခုသီတင်းပတ်တွင် ရောက်ရှိလာခဲ့သော ရှီက သူ၏ ခရီးစဉ်ကို နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသော တိုးတက်မှုများရရှိနိုင်မည့် အခွင့်အရေးတစ်ခုအဖြစ် အသုံးချမည်ဖြစ်ကြောင်း ကင်မ်ကို […] The post ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နှင့်မြောက်ကိုရီးယား သဘောတူ appeared first on Popular .
Go to News Site