Popular Journal
Credit to Popular Journal - မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးနှိုးဆော်ထားသည်။ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် ဒေသများရှိ ပြည်သူများအနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကဲ့သို့ အရေးကြီးစာရွက်စာတမ်းများနှင့် ပစ္စည်းများကို ရေလုံအိတ်များဖြင့် ထုပ်ပိုးထားပြီး အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် နေရာတွင် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အလွယ်တကူ စားသုံးနိုင်သည့် ရိက္ခာများ၊ သောက်ရေသန့်နှင့် အရေးပေါ် ရှေးဦးသူနာပြုဆေးဝါးများကို အနည်းဆုံး သုံးရက်စာ စုဆောင်းထားရန် လိုအပ်ကြောင်း သိရသည်။ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်၊ မိုဘိုင်းဖုန်းနှင့် Power Bank များကိုလည်း အသင့်အသုံးပြုနိုင်ရန် အားအပြည့်သွင်းထားသင့်ကြောင်း အသိပေးထားသည်။ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ရေဘေးလွတ်ကင်းရာ […] The post မိုးရာသီ၌ မြစ်ရေကြီးမှုအန္တရာယ် ကြိုတင်သတိပြုနိုင်ရေး အသိပေးနှိုးဆော် appeared first on Popular .
Go to News Site