Collector
Giriş Yap
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ဒသမ ၆ သန်းကျော်ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချ | Collector

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ဒသမ ၆ သန်းကျော်ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချ

Credit to Popular Journal - ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၃ဒသမ ၆ သန်းကျော်(၃,၆၄၉,၅၀၀.၀၀) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၅၁,၂၁၀.၀၀ ကို CMP ကုမ္ပဏီများထံသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၃၈၄.၂၄ ကို Non Trade Transaction များအတွက်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအခြေအနေအရ စားသုံးဆီကဏ္ဍမှ (၃၇ ရာခိုင်နှုန်း) ဖြင့် အများဆုံးဝယ်ယူရရှိခဲ့ပြီး၊ စက်သုံးဆီကဏ္ဍမှ (၃၀ ရာခိုင်နှုန်း)၊ ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများမှ (၆ ရာခိုင်နှုန်း)၊ စက်မှုကုန်ကြမ်းမှ (၄ ရာခိုင်နှုန်း)၊ စားသုံးကုန်စည်မှ (၈ ရာခိုင်နှုန်း)၊ […] The post ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ဒသမ ၆ သန်းကျော်ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချ appeared first on Popular .

Go to News Site