Collector
Giriş Yap
အိမ်ရှင်ဖိလစ်ပိုင်အသင်း ပထမပိုင်းမှာ ဦးဆောင်ဂိုးရယူ၊ မြန်မာအသင်း ပြန်လည်ချေပရန် ကြိုးပမ်းနေ | Collector
အိမ်ရှင်ဖိလစ်ပိုင်အသင်း ပထမပိုင်းမှာ ဦးဆောင်ဂိုးရယူ၊ မြန်မာအသင်း ပြန်လည်ချေပရန် ကြိုးပမ်းနေ

အိမ်ရှင်ဖိလစ်ပိုင်အသင်း ပထမပိုင်းမှာ ဦးဆောင်ဂိုးရယူ၊ မြန်မာအသင်း ပြန်လည်ချေပရန် ကြိုးပမ်းနေ

Credit to Popular Journal - အိမ်ရှင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ပထမပိုင်းပွဲချိန်အပြီး (၁-၀) ဖြင့် နောက်ကောက်ကျနေကြောင်း သိရသည်။ အဆိုပါပွဲစဉ်မှာ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် Tri-Nation Friendly Tournament ၏ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် စတင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ ယင်းပွဲမတိုင်မီ မြန်မာအသင်း၏ အဓိကကစားသမားများဖြစ်သည့် ကျော်မင်းဦးနှင့် သီဟထက်အောင်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ၊ ရဲရင့်အောင်မှာ ဂူအမ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် အနီကတ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသဖြင့် ယခု ပွဲစဉ်ကို လွဲချော်ခဲ့ကြောင်း မြန်မာ့လက်ရွေးစင်အသင်းက ထုတ်ပြန်ထားသည်။ မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲနောက်ဆုံးပွဲစဉ်တွင် ရလဒ်ကောင်းရရှိရန် ကြိုးပမ်းနေသော်လည်း ပထမပိုင်းအပြီးတွင် အိမ်ရှင် ဖိလစ်ပိုင်အသင်းက (၁-၀) ဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ The post အိမ်ရှင်ဖိလစ်ပိုင်အသင်း ပထမပိုင်းမှာ ဦးဆောင်ဂိုးရယူ၊ မြန်မာအသင်း ပြန်လည်ချေပရန် ကြိုးပမ်းနေ appeared first on Popular .

Go to News Site