Popular Journal
Credit to Popular Journal - ပဲခူးတိုင်းဒေသကြီးအတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများအတွက် တိုင်းဒေသကြီးတစ်ဝန်း ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စီစဉ်ထားကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက “မိုးများသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သည်” ဟု ပြောကြားသည်။ ဇွန်လ ၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းခဲ့ပြီးနောက် ပဲခူးမြစ်ရေသည် မူလမြစ်ရေအဆင့်ထက် ၃၀၀ စင်တီမီတာမှ ၆၀၀ စင်တီမီတာအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ပဲခူးမြို့ရှိ ပဲခူးမြစ်၏ စိုးရိမ်ရေအမှတ်ကို ၈၈၀ စင်တီမီတာ […] The post ပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်ထား စက်တပ်လှေ ၇၉ စီး၊ မီးစက် ၂၀ လုံး၊ ရေစုပ်စက် ၁၈ လုံး အသင့်ပြင်ထား appeared first on Popular .
Go to News Site