Popular Journal
Credit to Popular Journal - ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တင်သွင်းထားသော နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) အရ အရေးပေါ်အခြေအနေကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂၀၂၆) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့နှင့် စပ်လျဉ်းသည့် အဆိုကို အတည်ပြုကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၄ ရက်က ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြို့နယ် (၆၀) တွင် အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိနိုင်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆိုအပေါ် ယနေ့ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ဆွေးနွေးခဲ့ကြသည်။ ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်က အဆိုအား အတည်ပြုပေးရန် […] The post ပြည်ထောင်စုလွှတ်တော်က အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းဆိုင်ရာ အဆိုအား အတည်ပြု appeared first on Popular .
Go to News Site