Collector
Giriş Yap
ပျက်ကျ အပါချီရဟတ်ယာဉ်မှ လေသူရဲများ အဆင်ပြေဟု ထရန့်ဆို | Collector
ပျက်ကျ အပါချီရဟတ်ယာဉ်မှ လေသူရဲများ အဆင်ပြေဟု ထရန့်ဆို

ပျက်ကျ အပါချီရဟတ်ယာဉ်မှ လေသူရဲများ အဆင်ပြေဟု ထရန့်ဆို

Credit to Popular Journal - ဟော်မုဇ်ရေလက်ကြားအနီးမှာ အပါချီ(Apache) တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီး ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “လေသူရဲတွေ အဆင်ပြေပါတယ်” လို့ ပြောကြားလိုက်ပါတယ်။ တနင်္လာနေ့တုန်းက အဲဒီရေလက်ကြားအနီးမှာ အမေရိကန်ကြည်းတပ်သုံး အပါချီ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေသူရဲနှစ်ဦးကို ကယ်ဆယ်ခဲ့ရတယ်လို့ New York Times သတင်းစာက ဖော်ပြခဲ့ပြီးနောက် သမ္မတထရန့်က အခုလို တုံ့ပြန်ပြောဆိုခဲ့တာပါ။ နယူးယောက်မြို့မှာကျင်းပတဲ့ တနင်္လာနေ့ည NBA ဘတ်စကက်ဘောဗိုလ်လုပွဲကို တက်ရောက်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ ထရန့်က “လေသူရဲတွေ အဆင်ပြေကြပါတယ်။ ဘယ်သူမှ ဒဏ်ရာမရပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့် ပျက်ကျရသလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ သူက ဆက်မပြောဘဲ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို “မနက်ဖြန်” မှာ ထုတ်ပြန်လိမ့်မယ်လို့ပဲ ဆိုပါတယ်။ New York Times ရဲ့ ဖော်ပြချက်မှာလည်း […] The post ပျက်ကျ အပါချီရဟတ်ယာဉ်မှ လေသူရဲများ အဆင်ပြေဟု ထရန့်ဆို appeared first on Popular .

Go to News Site