Popular Journal
Credit to Popular Journal - ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် Tri-Nation Friendly ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဥ်ဖြစ်ကို ယနေ့ ဇွန်(၉)ရက် ညနေ (၆)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားနေကြရာ (၅)ဂိုး (၁)ဂိုးရလဒ်ဖြင့် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်ခဲ့သည်။ မြန်မာလက်ရွေးစင်အမျိုးသားအသင်းကို ဖိလစ်ပိုင်အသင်းက ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁)ဂိုးသွင်းယူထားပြီးနောက် ပွဲပြီးဆုံးချိန်တွင် (၅)ဂိုးအထိသွင်းယူနိုင်ပြီး၊ မြန်မာအသင်းက ချေပဂိုး (၁) ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခု ယှဉ်ပြိုင်သည့် Tri-Nation Friendly ပြိုင်ပွဲသည် ဖိလစ်ပိုင်၊ ဂူအမ်၊ မြန်မာ သုံးနိုင်ငံ ခြေစမ်းပွဲကစားခြင်းကြောင့် ဆုဖလားမပေးကြောင်း သိရသည်။ ယနေ့ ဖိလစ်ပိုင် -မြန်မာ ပွဲစဥ်မပြီး အနိုင် ရသည့် အသင်းကို ချန်ပီယံအဖြစ် သတ် မှတ်မည်မဟုတ်သလို ချန်ပီယံဆုဖလားလည်း ပေးမည်မဟုတ်ကြောင်း သိရသည်။ The post (၅)ဂိုး (၁)ဂိုးရလဒ်ဖြင့် မြန်မာအသင်းဖိလစ်ပိုင်အသင်းကို ရှုံးနိမ့် appeared first on Popular .
Go to News Site