Collector
Giriş Yap
Night Market အဖြစ် ပြန်လည်အသက်ဝင်လာသည့် လသာ(၁၉)လမ်း၊ လာရောက်လည်ပတ်သူများဖြင့် စည်ကား | Collector

Night Market အဖြစ် ပြန်လည်အသက်ဝင်လာသည့် လသာ(၁၉)လမ်း၊ လာရောက်လည်ပတ်သူများဖြင့် စည်ကား

Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် လသာ(၁၉)လမ်းကို ယနေ့မှစတင်၍ Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ညပိုင်းတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။ “အရင်ထက် ပိုကောင်းသွားတယ်။ တခြားနိုင်ငံက Night Market တွေနဲ့ ဆင်တူလာတယ်။ ဆိုင်တွေ စည်းကမ်းတကျ ရောင်းချနိုင်ဖို့ပဲ လိုတော့တယ်” ဟု လာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။ လသာ(၁၉)လမ်းကို နိုင်ငံတော်အစိုးရ၏ စီမံချက်ဖြင့် Night Market အဖြစ် ပထမဆုံး အကောင်အထည်ဖော် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် (၁၉)လမ်းတစ်လျှောက် အလှမီးပုံးများ တပ်ဆင်ထားပြီး ဈေးသည်များကိုလည်း သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျ ရောင်းချစေကြောင်း တွေ့ရသည်။ Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ထားသည့် လသာ(၁၉)လမ်းရှိ ဆိုင်ခန်းများကို နေ့စဉ် ညနေ […] The post Night Market အဖြစ် ပြန်လည်အသက်ဝင်လာသည့် လသာ(၁၉)လမ်း၊ လာရောက်လည်ပတ်သူများဖြင့် စည်ကား appeared first on Popular .

Go to News Site