Popular Journal
Credit to Popular Journal - တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်း (၄) ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကဝမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ညီညီစိုးက ကဝမြို့နယ်အတွင်း ဒေသခံပြည်သူများ လျှပ်စစ်မီး အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေး၊ လျှပ်စစ်ဓာတ်အား အချိန်မှန်ဖြန့်ဖြူးပေးနိုင်ရေးနှင့် မီးအားပြည့်ဝစွာ ရရှိနိုင်ရေးအတွက် မည်သည့်စီမံကိန်းများဖြင့် မည်သည့်အချိန်ကာလအတွင်း ဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းခဲ့သည်။ အုတ်ဖိုမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်က အုတ်ဖိုမြို့နယ်၊ မိုးညိုတန်းရပ်ကွက်ရှိ မြို့ပတ်လမ်း ပေ ၁,၆၀၀ အနက် သွယ်တန်းရန် ကျန်ရှိနေသည့် လမ်းပိုင်းပေ ၈၀၀ အတွက် ၄၀၀ ဗို့အားလိုင်း ထပ်မံသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် […] The post ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄) ခု မေးမြန်း၊ ဒေသခံများ၏ လျှပ်စစ်မီးရရှိရေး အဓိကထားဆွေးနွေး appeared first on Popular .
Go to News Site