Popular Journal
Credit to Popular Journal - နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။ ထို့ပြင် သံနှင့်သံမဏိလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းနှင့် နည်းပညာဆိုင်ရာပစ္စည်းများ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်း စသည့် […] The post နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော appeared first on Popular .
Go to News Site