Myanmar Now
တီအန်မင်ရင်ပြင်က ဆန္ဒပြသမားတွေကို တရုတ်အစိုးရက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဟာ အခုနှစ်၊ ဇွန်လ ၄ ရက်နေ့ကဆိုရင် ၃၇ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်ချိန်က တရုတ်နိုင်ငံမှာ ဒီမိုကရေစီရဖို့ မျှော်လင့်ချက် အရိပ်အရောင်တွေ အားကောင်းခဲ့တဲ့ ၁၉၈၉ ခုနှစ်ဝန်းကျင်က တရုတ်စစ်တပ်ဟာ တီအန်မင်ရင်ပြင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့သူတွေအဖြစ် သတ်မှတ်ထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အငြှိုးတကြီး လိုက်လံ ဖမ်းဆီးခဲ့တာကြောင့် အဲဒီတုန်းက ဆန္ဒပြပွဲတွေမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တဲ့ ဝူအာ ကိုင်ရှီ (Wu'er Kaixi) ဟာ အခုချိန်ထိ နှစ်ပေါင်း ၄၀ နီးပါး ပြည်ပမှာ စစ်ပြေးဒုက္ခသည်အဖြစ် နေထိုင်နေရဆဲ ဖြစ်ပါတယ်။
Go to News Site