Popular Journal
Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာတွင် လမ်းလျောက်သင်္ကြန် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။ “ဒီနှစ် လမ်းလျောက်သင်္ကြန်ပုံဖော်နေပါတယ်။ ကန်သာယာဗိုလ်ချုပ်လမ်းတစ်လျောက်မှာ ကျင်းပဖိူ့မဏ္ဍပ်တွေဆောက်နေပါပြီ ” ဟု စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။ မုံရွာမြို့ အရှေ့ဘက်နှင့် အနောက်ဘက် ကန်သာယာကြား ဗိုလ်ချုပ်လမ်းတလျောက်တွင် ဗဟိုမဏ္ဍပ် အပါအဝင် တိုင်းဒေသကြီးဝန်ကြီးဌာနများ စုပေါင်းထားသည့် မဏ္ဍပ် (၄) ခုတည်ဆောက်နေခြင်း ဖြစ်သည်။ မဏ္ဍပ်များကို မတ်လလယ်ခန့်မှ စတင်၍ ဗဟိုမဏ္ဍပ်ကို စ တင်တည်ဆောက်နေခြင်းဖြစ်ပြီး စတုဒီသာမဏ္ဍပ်များ၊ နားနေမဏ္ဍပ်များထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ မုံရွာမြို့ကန်သာယာသင်္ကြန်တွင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များ ပါဝင်ဆင်နွဲကြမည်ဖြစ်ပြီး လမ်းလျောက်သင်္ကြန်ကို မြန်မာ့ရိုးရာယဥ်ကျေးမှုများနှင့်အညီ ထည့်သွင်းကျင်းပရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရကစီစဥ်နေကြောင်း သိရသည်။ နှစ်စဥ်ကျင်းပမြဲဖြစ်သော မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် အဘိုး၊ အဘွားများကန်တော့ခြင်း ၊ ငါးဘေးမဲ့နှင့် […] The post မုံရွာမြို့ ကန်သာယာတွင် မြန်မာ့ရိုးရာယဥ်ကျေးမှုထုံမွှမ်းသည့် လမ်းလျောက်သင်္ကြန် ကျင်းပသွားမည် appeared first on Popular .
Go to News Site