Popular Journal
Credit to Popular Journal - ငလျင်ဒ-ဏ်သင့် အင်းလေးဒေသတွင် ရေပေးဝေရေးစနစ် ရာနှင့်ချီ ပျ-က်စီးခဲ့သောကြောင့် ယူနီဆက်က သောက်သုံးရေရရှိရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်ခဲ့သည်ဟု ယနေ့ (မတ် ၂၈) တွင် ပြောသည်။ “လွန်ခဲ့တဲ့ တစ်နှစ်က ပြင်းပြင်းထန်ထန် တုန်လှုပ်ခဲ့ရတဲ့ အင်းလေးကန်ကြီးဟာ အခုဆိုရင် ပြန်လည် အေးချမ်းနေပါပြီ။ ဒီကန်ရေပြင်ပေါ်မှာ နေထိုင်ကြတဲ့ မိသားစုတွေအတွက် နောက်ထပ် ပြန်လည်ရရှိလာတဲ့ အရာတစ်ခုကတော့ … သန့်ရှင်းတဲ့ သောက်သုံးရေပဲ ဖြစ်ပါတယ်။” ဟု ယူနီဆက်က ဆိုသည်။ ယူနီဆက်သည် နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်များ တပ်ဆင်ပေးခြင်း၊ ယိုယွင်းသွားသည့် သန့်စင်ခန်းများကို ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်းနှင့် အိမ်ထောင်စု ရာပေါင်းများစွာအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး သုံးဆောင်ပစ္စည်း (Hygiene Kits) များကို ဖြန့်ဝေပေးနိုင်ခဲ့သည်ဟုလည်း ဆိုသည်။ ဓာတ်ပုံ – ယူနီဆက် The post ငလျင်ဒ-ဏ်သင့် အင်းလေးဒေသတွင် ယူနီဆက်က ရေရရှိရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်ခဲ့ appeared first on Popular .
Go to News Site