နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ တောင်ကြီးမြို့ နာရီစင်ညဈေးကို ဖျက်သိမ်း၍ ကားပါကင် ဆောက် လုပ်မည်ဖြစ်သဖြင့် သင်္ကြန်အပြီး ဆိုင်ခန်းများနေရာဖယ်ရှားပေးရန် ညွှန်ကြား | Collector
နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ တောင်ကြီးမြို့ နာရီစင်ညဈေးကို ဖျက်သိမ်း၍ ကားပါကင် ဆောက် လုပ်မည်ဖြစ်သဖြင့် သင်္ကြန်အပြီး ဆိုင်ခန်းများနေရာဖယ်ရှားပေးရန် ညွှန်ကြား
Khit Thit Media

နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ တောင်ကြီးမြို့ နာရီစင်ညဈေးကို ဖျက်သိမ်း၍ ကားပါကင် ဆောက် လုပ်မည်ဖြစ်သဖြင့် သင်္ကြန်အပြီး ဆိုင်ခန်းများနေရာဖယ်ရှားပေးရန် ညွှန်ကြား

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့ရှိ အထင်ကရ နာရီစင်ညဈေးတန်းတွင် ရောင်းချနေကြသည့် ဈေးသည်များအနေဖြင့် လာမည့် မဟာသင်္ကြန်ကာလအပြီး ဧပြီလ ၁၈ ရက်နေ့ကို နောက်ဆုံးထား၍ နေရာဖယ်ရှားပေးရန်နှင့် ဈေး၏မြောက်ဘက်ရှိ ကုန်သည်လမ်းသို့ ပြောင်းရွှေ့ရန် စစ်တပ် လက် အောက်ခံ စည်ပင်က ကြီးကြပ်သော ညဈေးတန်းကြီးကြပ်မှုကော်မတီက ညွှန်ကြားထားကြောင်း သိရှိရသည်။ အဆိုပါ တပင်ရွှေထီးလမ်းရှိ ညဈေးနေရာတွင် အထပ်မြင့်ကားပါကင်တစ်ခု ဆောက်လုပ်ရန်အတွက် စီမံကိန်းရှိနေသဖြင့် ညဈေးအား ဖျက်သိမ်းခိုင်းခြင်းဖြစ်ပြီး၊ နေရာသစ်ဖြစ်သော ကုန်သည်လမ်းတွင် ပြန်လည်ရောင်းချလိုသည့် ဈေးသည်များအနေဖြင့် လျှောက်လွှာများ ပြန်လည်တင်သွင်းကြရန် ဈေးသည်များထံမှ သိရသည်။ အဆိုပါပြောင်းရွှေ့ရေးကိစ္စနှင့် ပတ်သက်၍ မတ်လ ၂၅ ရက်နေ့က တောင်ကြီးမြို့တော်ခန်းမတွင် ညဈေးတန်းကြီးကြပ်မှုကော်မတီနှင့် ဈေးသည်များ တွေ့ဆုံအစည်းအဝေးပြုလုပ်ကာ […] The post နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ တောင်ကြီးမြို့ နာရီစင်ညဈေးကို ဖျက်သိမ်း၍ ကားပါကင် ဆောက် လုပ်မည်ဖြစ်သဖြင့် သင်္ကြန်အပြီး ဆိုင်ခန်းများနေရာဖယ်ရှားပေးရန် ညွှန်ကြား appeared first on Khit Thit Media .

Go to News Site