Khit Thit Media
၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် မြင်းခြံခရိုင်၊ မြင်းခြံတိုက်နယ် ၃ အခြေစိုက် နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့သာရဲစခန်းအတွင်းသို့ RPG ၁ လုံးနှင့် ၄၀ မမ လက်နက်ကြီး ၆ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်များသည် စစ်ကောင်စီတပ်သားများ ရှိနေသည့် စခန်းအလယ်ဗဟိုဆောင်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ခံ […] The post ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိဟုဆို appeared first on Khit Thit Media .
Go to News Site