Popular Journal
Credit to Popular Journal - ယခုရက်ပိုင်းအတွင်း၌ ငလျင်ငယ်များဆက်တိုက်နီးပါးလှုပ်ခတ်လျက်ရှိရာ ယနေ့ မတ် ၂၉ ရက်နံနက်အစောပိုင်းကလည်း မောက်မယ်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၄ နာရီ ၅၂ မိနစ် ၅၀ စက္ကန့်က မောက်မယ်မြို့၏ တောင်-အရှေ့တောင်ဘက်မိုင် (၃၀) ခန့်အကွာ၊ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ မတ် ၂၈ ရက် (မန္တလေးငလျင်ကြီးတစ်နှစ်ပြည့်နေ့) ညနေ ၅ နာရီ ၅၅ မိနစ် ၂၉ စက္ကန့်ကလည်း ဖောင်းပြင်မြို့ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ The post ငလျင်ငယ်များဆက်တိုက်လှုပ်ခတ်နေ ယနေ့ မတ် ၂၉ ရက်တွင်လည်း မောက်မယ်မြို့ကိုဗဟိုပြုလှုပ်ခတ် appeared first on Popular .
Go to News Site