Popular Journal
Credit to Popular Journal - တီဟီရန်ရှိ အီရန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ် တို-က်ခိုက်ခံရမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးတက္ကသိုလ်များကို ပစ်မှတ်ထားတို-က်ခိုက်သွားမည်ဟု အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပြောကြားကြောင်း အီရန်အစိုးရ တစ်စိတ်တစ်ပိုင်းပိုင် Tasnim သတင်းဌာနက စနေနေ့တွင် ဖော်ပြခဲ့သည်။ Tasnim သတင်းဌာနက ဖော်ပြသော ထုတ်ပြန်ချက်တွင် “ဖျ-က်ဆီးခံလိုက်ရသည့် အီရန်တက္ကသိုလ်များအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တက္ကသိုလ်နှစ်ခုကို ပြန်လည်တို-က်ခိုက်မှု မပြုရသေးမီကာလတလျှောက်လုံးအတွင်း အနောက်အာရှဒေသရှိ အစ္စရေးနှင့် အမေရိကန်တက္ကသိုလ်အားလုံးသည် တရားဝင်ပ-စ်မှတ်များဖြစ်လာမည်ကို အမေရိကန်အနေဖြင့် သိထားသင့်သည်” ဟု ပါရှိသည်။ IRGC သည် တက္ကသိုလ်များအနီးတွင် နေထိုင်ကြသော ဝန်ထမ်းများ၊ ကျောင်းသားများနှင့် အရပ်သားများအနေဖြင့် “၎င်းတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရန်” ထိုနေရာများနှင့် ၁ ကီလိုမီတာအကွာတွင် နေထိုင်ကြရန် ခြိမ်းခြောက်သတိပေးထားသည်။ အမေရိကန်အစိုးရသို့ နောက်ဆုံးသတိပေးချက်အနေဖြင့် “တက္ကသိုလ်များဗုံးကြဲခံရမှုကို […] The post အီရန်တက္ကသိုလ်တစ်ခု တို-က်ခိုက်ခံရပြီးနောက် အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးတက္ကသိုလ်များကို IRGC ခြိမ်းခြောက် appeared first on Popular .
Go to News Site