Popular Journal
Credit to Popular Journal - ယာဥ်အစီးရေလျှော့ချပြေးဆွဲနေရခြင်းကြောင့် ခရီးသည်များလက်မှတ်ဝယ်မရသည့်အခက်အခဲကြုံတွေ့နေ ပုသိမ်-ရန်ကုန် ခရီးသည်တင်ယာဥ်လိုင်းများ စက်သုံးဆီအခက်အခဲကြောင့် အစီးရေလျှော့ချပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ထို့ပြင် လက်မှတ်ခစျေးနှုန်းအနေဖြင့် လက်မှတ်တစ်စောင်လျှင် ယခင် ကျပ် ၁၂,၀၀၀ မှ လက်ရှိတွင် ကျပ် ၂၅,၀၀၀ အထိ ပေးဝယ်နေရသော်လည်း လက်မှတ်ဝယ်မရသဖြင့် ခရီးသည်များ အခက်ကြုံနေရကြောင်းလည်း သိရသည်။ ပုသိမ်-ရန်ကုန်လက်မှတ်ခကို ကိုဗစ်ဖြစ်ပွားချိန်မှစ၍ တစ်စောင်လျှင် ကျပ် ၁၂,၀၀၀ သို့ သက်မှတ်လိုက်ကြပြီး ယခုအခါ စက်သုံးဆီအခက်အခဲကြောင့် ကျပ် ၂၅,၀၀၀ အထိတိုးမြှင့်သက်မှတ်လိုက်ကြောင်း သိရသည်။ ယင်းသို့ တိုးမြှင့်သတ်မှတ်လိုက်သော်လည်း အစီးရေလျှော့ချပြေးဆွဲနေခြင်းကြောင့် သတ်မှတ်စျေး ၂၅,၀၀၀ ဖြင့်ပင် လက်မှတ်လုံလောက်အောင်မရရှိ၍ ခရီးသည်များ အခက်ကြုံတွေ့နေရခြင်းဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့ဆို ၂ရက်လောက်ကြိုပြီး ဘိုကင်လုပ်ထားရတယ်။ အဲ့ကြားထဲမှာ လုပ်စရာကိစ္စတွေပြီးအောင်လုပ်ရတာပေါ့ “ဟု ကုန်သည်လုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းလွင်ကပြောသည်။ အဆိုပါအခက်အခဲများနှင့်ပက်သက်ပြီး ပုသိမ်ခရိုင် ပုဂ္ဂလိကမော်တော်ယာဉ်၊ လုပ်ငန်းယာဉ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ ထံမေးမြန်းရာ “လက်မှတ်ခတိုးမြှင့်တာသိရှိထားကြောင်း […] The post ပုသိမ်-ရန်ကုန်ကားခ နှစ်ဆမြင့်တက် appeared first on Popular .
Go to News Site