Popular Journal
Credit to Popular Journal - ရုရှားနိုင်ငံတောင်ပိုင်း ဒါဂတ်စတန်ဒေသ၏ မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုကာ လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်မှုများ ဖြစ်ပွားခဲ့၍ အာဏာပိုင်များက စနေနေ့တွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။ အရေးပေါ်ဝန်ဆောင်ဌာနများကို အထူးတပ်လှန့်ထားပြီး နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရန် လုပ်ငန်းစဉ်များဆောင်ရွက်နေပြီး ရေဘေးကြုံခဲ့သော ဒေသခံများကို အကူအညီပေးသွားမည်ဖြစ်ကြောင်း မာခါချာကလာမြို့အုပ်ချုပ်ရေးအဖွဲ့က တယ်လီဂရမ်တွင် ပြောကြားခဲ့သည်။ ရာသီဥတုဆိုးဝါးသောကြောင့် ဒါဂတ်စတန်တွင် လူပေါင်း ၃၂၇,၀၀၀ ကျော်သည် လျှပ်စစ်ဓာတ်အားမရရှိဖြစ်နေဆဲဟု ဒေသဆိုင်ရာ အရေးပေါ်အခြေအနေဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အရေးပေါ်ဝန်ဆောင်မှုများနှင့် အရာရှိများသည် ပိုမိုဆိုးရွားလာသော ရာသီဥတုအခြေအနေမျာအတွက် ပြင်ဆင်နေသော်လည်း အမှန်တကယ်အခြေအနေသည် အဆိုးဆုံးဖြစ်နိုင်ခြေ ခန့်မှန်ချက်များထက်ပင် ကျော်လွန်နေခဲ့သည်ဟု ဒေသ၏ အကြီးအကဲ ဆာဂေး မယ်လီကော့ဗ်က ပြောကြားခဲ့သည်။ ဒါဂတ်စတန်ဒေသ၏ ဒုတိယအကြီးဆုံးမြို့ ခါဆာဗီယွတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းတံတားတစ်စင်း ပျ-က်စီးသွားခဲ့သည်ဟု အရာရှိများက ပြောကြားခဲ့သည်။ မြောက်ကော့ကေးဆပ်ရထားလမ်း၏ ခါဆာဗီယွတ်-ကာဒီယွတ်အပိုင်းတွင် တံတား၏ အစိတ်အပိုင်းနှစ်ခု ပြိုကျခဲ့သည်ဟု ဒါဂတ်စတန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။ ခန့်မှန်းချက်များအရ […] The post ရုရှားတောင်ပိုင်းတွင် ရေကြီးရေလျှံ၍ အရေးပေါ်အခြေအနေကြေညာ appeared first on Popular .
Go to News Site