Popular Journal
Credit to Popular Journal - လာမည့် ဧပြီ ၁၁ ရက်မှ ဧပြီ ၁၉ ရက်အထိသည် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ရုံးပိတ်ရက်များဖြစ်၍ ခရီး သွားလာမည့်သူများပြားမည်ဖြစ်ရာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားအသုံးပြုသွားလာမည့် ယာဥ်များ၏ယာဥ်မောင်းများအနေဖြင့် အထူးသတိပြုမောင်းနှင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။ လက်ရှိအချိန်၌ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၃ အတွင်းရှိ ဆွာချောင်းတံတား (မန္တ လေးဘက်မှ ရန်ကုန်ဘက်)(အပြန်လမ်း)တွင်တံတားသစ်တည်ဆောက်ခြင်း၊ မိုင်တိုင်အမှန် ၁၈၈/၂ နှင့် ၁၈၈/၃ အတွင်း ရေပြွန်ပြုပြင်ခြင်းတို့ကိုလည်းပြုလုပ်လျက်ရှိသည်။ အဆိုပါ နေရာများ၌ လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ် ငန်းများဆောင်ရွက်နေသဖြင့် လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် သတိပြု၍အရှိန်လျှော့မောင်းနှင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။ ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂ဝ၂၆ ခုနှစ်၊ မတ် ၂၉ ရက်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု(၁၇၄)မှုဖြစ်ပွားခဲ့ပြီး (၈၂)ဦးသေဆုံးကာ […] The post သင်္ကြန်ရုံးပိတ်ရက်အတွင်း အမြန်လမ်း၌ယာဥ်မောင်းနှင်ပါက အထူးသတိပြုမောင်းနှင်ရန်မေတ္တာရပ်ခံ appeared first on Popular .
Go to News Site