Popular Journal
Credit to Popular Journal - ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချရာ၌ Bar Code/QR Code စနစ်ကို ယနေ့ မတ် ၂၈ ရက်မှစတင်၍အသုံးပြုပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနကအသိပေးခဲ့သည်။ နိုင်ငံတော်တွင် စက်သုံးဆီကိုစနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်ရည်ရွယ်၍ စက်သုံးဆီရောင်းချရာ၌ Bar Code/QR Code စနစ်သစ်ဖြင့် မတ် ၂၇ ရက်မှစတင်ကာ ရောင်းချပေးလျက်ရှိခြင်းဖြစ်သည်။ ထိုသို့ စနစ်သစ်ဖြင့်ရောင်းချရာ၌ နည်းပညာဆိုင်ရာ အ ခက်အခဲများ၊ မသမာမှုများနှင့် မမျှော်မှန်းနိုင်သည့် အ ခက်အခဲများကိုဖြေရှင်းနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနက Online Monitoring Center မှစောင့်ကြည့်ခြင်း၊ Call Center ဖွင့်လှစ်၍ဖြေရှင်းခြင်း၊ ထိန်းကျောင်းကြပ် မတ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် စက်သုံးဆီဝယ်ယူရာ၌ အခက်အခဲများနှင့် မသမာမှုများတွေ့ရှိရပါက Call Center သို့တိကျစွာ အသိပေးတိုင်ကြားနိုင်သည်ဟု […] The post ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်တွင် Bar Code/QR Code စနစ်စတင် appeared first on Popular .
Go to News Site