Khit Thit Media
ရန်ကုန်၊ မတ်လ ၂၈ ရက် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်နှင့် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တို့တွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နယ်ထိန်းရဲများ ပူးပေါင်းကာ လူငယ်များကို နည်းမျိုးစုံဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် ငွေကြေးအဆမတန် ကောက်ခံခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ မြောင်းမြမြို့နယ်၊ ကျုံတာမုတ်ဆိုးမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျော်သူမင်းနှင့် ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူး ကျော်စွာတို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဗလန်ဂု (ခ) ချစ်စမ်းမောင်ကိုပင် လိမ်လည်၍ စစ်မှုထမ်းရန် ထည့်သွင်းလိုက်ကြောင်း သိရသည်။ ထို့ပြင် အုပ်ချုပ်ရေးမှူး ကျော်သူမင်းသည် ရွာရှိလူငယ်များထံမှ တစ်လလျှင် ငွေကျပ် ၆ သောင်းစီကို လစဉ်ကြေးအဖြစ် အဓမ္မကောက်ခံနေပြီး လူငယ်များကိုလည်း နည်းမျိုးစုံဖြင့် ပေါ်တာဆွဲနေသောကြောင့် လက်ရှိတွင် ရွာ၌ လူငယ်များ မရှိသလောက် နည်းပါးသွားကာ […] The post မြောင်းမြနှင့် အုတ်တွင်တို့တွင် အုပ်ချုပ်ရေးမှူးများနှင့် နယ်ထိန်းရဲများက လူငယ်များကို မတရားဖမ်း ဆီး စစ်မှုထမ်းရန် စေခိုင်းနေ၊ ဆွေမျိုးတော်စပ်သူ လူငယ်များကိုပင် အုပ်ချုပ်ရေးမှူးများက အလွတ်မပေးဘဲ စစ်ထဲဖမ်းထည့် appeared first on Khit Thit Media .
Go to News Site