Collector
ကလေး – ကဘော် – ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းကြရန် CDF-KKG တိုက်တွန်းထုတ်ပြန် | Collector
ကလေး – ကဘော် – ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းကြရန် CDF-KKG တိုက်တွန်းထုတ်ပြန်
Khit Thit Media

ကလေး – ကဘော် – ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းကြရန် CDF-KKG တိုက်တွန်းထုတ်ပြန်

မတ်လ ၂၉ ရက် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းနိုင်ရေးအတွက် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းရှိ အရွယ်ရောက်ပြီးသူ ပြည်သူအားလုံး စစ်မှုထမ်းတာဝန်များတွင် ပူးပေါင်းပါဝင်ကြရန် Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) က ယနေ့ မတ်လ ၂၉ ရက်နေ့တွင် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်လိုက်သည်။ နွေဦးတော်လှန်ရေး ၅ နှစ်တာကာလအတွင်း CDF-KKG မှ ရဲဘော်ရဲမေ ၉၂ ဦးသည် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ဖြစ်သလို၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသူများ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုသို့ တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာပေးလှူခဲ့ကြသော အာဇာနည်အပေါင်းကို အစဉ်အောက်မေ့လျက် ဂုဏ်ပြုဦးညွတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ […] The post ကလေး – ကဘော် – ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းကြရန် CDF-KKG တိုက်တွန်းထုတ်ပြန် appeared first on Khit Thit Media .

Go to News Site