Khit Thit Media
ရန်ကုန်၊ မတ်လ ၂၉ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုနှင့် အလွန်နီးစပ်သူဖြစ်သည့် ခရိုနီစီးပွားရေးသမား ထွန်းမင်းလတ်သည် စစ်တပ်အတွက် Let410 လေယာဉ်များ ဝယ်ယူတင်သွင်းခွင့် ရရှိထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။ ထွန်းမင်းလတ်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု သံသယများဖြင့် ဖမ်းဆီးခံခဲ့ရသော်လည်း သက်သေအထောက် အထား မလုံလောက်ဟုဆိုကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ထိုင်းတရားရုံးက တရားသေ ပြန်လွှတ်ပေးခဲ့သည်။ အမှုမှ ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်ခေါင်း ဆောင်၏ သားနှင့်သမီးဖြစ်သူတို့က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ လက်ရှိတွင် ထွန်းမင်းလတ်သည် ချက် (Czech) ကုမ္ပဏီတစ်ခုမှတစ်ဆင့် စစ်တပ်အတွက် Let410 လေယာဉ်များ […] The post မင်းအောင်လှိုင်၏လူယုံ ထွန်းမင်းလတ် ထိုင်းနိုင်ငံတွင် ဖမ်းဆီးတရားစွဲဆိုခံရမှုမှ လွတ်မြောက်လာပြီးနောက် စစ်တပ်အတွက် Let410 လေယာဉ်များ ဝယ်ယူတင်သွင်းခွင့်ရရှိ appeared first on Khit Thit Media .
Go to News Site