Khit Thit Media
ရန်ကုန်၊ မတ်လ ၂၉ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီခွဲတမ်းများ ပုံမှန်မရရှိတော့ခြင်းနှင့် ဆီလိုသ လောက် ဝယ်ယူ၍မရသည့် အခက်အခဲများကြောင့် ပြင်ပမှောင်ခိုစျေးကွက် အကြီး အကျယ် ဖြစ်ထွန်းလာပြီး စျေးနှုန်းများမှာလည်း စံချိန်တင် မြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာနေပြီး ပြင်ပပေါက်စျေးမှာ ဓာတ်ဆီ ၁ လီတာလျှင် ငွေကျပ် ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာလျှင် ငွေကျပ် ၁၅,၀၀၀ ကျပ်အထိ ရှိနေသည်။ အဆိုပါ မှောင်ခိုစျေးကွက်သို့ ဆီဆိုင်အချို့ကပင် ဆီများ ပြန်လည်ရောင်းချနေခြင်းဖြစ် ကြောင်း ၊ တစ်ဖက်တွင် ဆီဆိုင်များမှာ ဆီခွဲတမ်းမရရှိတော့သဖြင့် အရောင်းရပ်နားထားရသည်ဟု ထုတ်ပြန်ထားကြသည်။ ရန်ကုန်ရှိ တစ်ပိုင်တစ်နိုင် စက်သုံးဆီဆိုင်ငယ်များမှာ သွင်းကုန်လုပ်ငန်းရှင် (Importer) […] The post ရန်ကုန်တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာပြီး စျေးနှုန်းများ စံချိန်တင်မြင့်တက်၊ ဓာတ်ဆီ ၁ လီတာ ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာ ၁၅,၀၀၀ ကျပ်အထိ စျေးပေါက်လာ appeared first on Khit Thit Media .
Go to News Site