Khit Thit Media
ရန်ကုန်၊ မတ် ၂၉ ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံတွင် ဆေးကုသနေသည့် နိုင်/ကျဉ်းအပါအဝင် အကျဉ်းသား ၂ ဦးကို အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူး သိန်းဝင်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ဆေးရုံရှိ အကျဉ်းသားဆေးကုသဆောင် (Guard Ward) တွင် ဆေးကုသမှုခံယူနေသည့် နာတာရှည်ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသားတစ်ဦးနှင့် အခြားအကျဉ်းသားတစ်ဦးတို့အား အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်းက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ကျူးလွန်ခဲ့ကြောင်း သိရသည်။ မတ်လ ၁၂ ရက်နေ့တွင် အင်းစိန်ဆေးရုံ Guard Ward ၌ ခါးနာနှင့် အာရုံကြောညပ်ဝေဒနာကြောင့် ဆေးကုသမှုခံယူနေသည့် အသက် ၃၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ထံသို့ မြို့နယ်ရဲမှူး သိန်းဝင်း ရောက်ရှိလာခဲ့ကြောင်း၊ ရဲမှူးက ဆဲဆိုကြိမ်းမောင်းပြီး မျက်နှာကို […] The post အင်းစိန်ဆေးရုံတွင် ဆေးကုသနေသည့် နိုင်/ကျဉ်းအပါအဝင် အကျဉ်းသား ၂ ဦးကို အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်း ကိုယ်ထိလက်ရောက် ရိုက်နှက် appeared first on Khit Thit Media .
Go to News Site