Collector
မြန်မာနိုင်ငံရှိ ကျားဖြန့်ဝင်းတွင် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ထိတ်လန့်ဖွယ်ရုပ်ရှင်ကဲ့သို့သော အခြေအနေများအကြားမှ ကယ်တင်နိုင်ခဲ့ | Collector
မြန်မာနိုင်ငံရှိ ကျားဖြန့်ဝင်းတွင် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ထိတ်လန့်ဖွယ်ရုပ်ရှင်ကဲ့သို့သော အခြေအနေများအကြားမှ ကယ်တင်နိုင်ခဲ့
Khit Thit Media

မြန်မာနိုင်ငံရှိ ကျားဖြန့်ဝင်းတွင် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ထိတ်လန့်ဖွယ်ရုပ်ရှင်ကဲ့သို့သော အခြေအနေများအကြားမှ ကယ်တင်နိုင်ခဲ့

ရန်ကုန်၊ မတ် ၂၉ မြန်မာနိုင်ငံတွင် ပိတ်လှောင်ခံရပြီး တရားမဝင်အလုပ်များကို အဓမ္မစေခိုင်းခံခဲ့ရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို မတ်လ ၂၈ ရက်နေ့တွင် ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ဟောင်ကောင်လုံခြုံရေးဗျူရို (Security Bureau) က ယမန်နေ့ စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဟောင်ကောင်နိုင်ငံသားသည် မြန်မာနိုင်ငံအတွင်း ဖမ်းဆီးပိတ်လှောင်ခံထားရစဉ် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး၊ ဟောင်ကောင်အထူးအဖွဲ့၊ မြန်မာနှင့် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးများ၊ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ဆင်ရေးတစ်ရပ်ဖြင့် ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို စနေနေ့တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့ပေးခဲ့သည်။ ကယ်တင်ခြင်းခံရသော ဟောင်ကောင်နိုင်ငံသားက “ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်တစ်ကားကို ကိုယ်တိုင်ကြုံတွေ့နေရသလို ခံစားခဲ့ရကြောင်း” ပြောဆိုခဲ့ပြီး ၎င်းကို ကယ်တင်ပေးခဲ့သည့် အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ “ဒီဟောင်ကောင်နိုင်ငံသားက သူဖြတ်သန်းခဲ့ရတဲ့ ရက်အနည်းငယ်ဟာ ထိတ်လန့်ဖွယ်ရုပ်ရှင်တစ်ကားကို […] The post မြန်မာနိုင်ငံရှိ ကျားဖြန့်ဝင်းတွင် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ထိတ်လန့်ဖွယ်ရုပ်ရှင်ကဲ့သို့သော အခြေအနေများအကြားမှ ကယ်တင်နိုင်ခဲ့ appeared first on Khit Thit Media .

Go to News Site