Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံ၏ (၁၁)ဦးမြောက် နိုင်ငံတော်သမ္မတရွေးချယ်ရန် အမည်စာရင်းတင်သွင်းခြင်းကို မတ်လ ၃၀ရက် ယနေ့တွင် ပြည်ထောင်စုလွှတ်တော်၌ အဆိုပြုတင်သွင်းမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတလောင်းအမည်စာရင်းကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များမှ တစ်ဦးစီ တင်သွင်းမည်ဖြစ်သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ ကော်မတီ (၃) ခုမှ တဆင့် သမ္မတလောင်းများကို ရွေးချယ်မည်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ မဲပေးရွေးချယ်စေကာ မဲအများဆုံးရရှိသည့် သမ္မတလောင်းကို နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ကာ ကျန်နှစ်ဦးအား ဒုတိယ သမ္မတများအဖြစ် ခန့်အပ်မည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှစတင်ကာ နိုင်ငံတော် သမ္မတအဖြစ် စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ ဦးသိန်းစိန်၊ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတခေါင်းစဥ်ဖြင့် […] The post မြန်မာနိုင်ငံ၏ (၁၁)ဦးမြောက် နိုင်ငံတော်သမ္မတလောင်း အမည်စာရင်းများ တင်သွင်းတော့မည် appeared first on Popular .
Go to News Site