Popular Journal
Credit to Popular Journal - တပ်မတော်၏ အကြီးအကဲများဖြစ်ကြသည့် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ပြောင်းလဲခန့် အပ်တာဝန်လွှဲသညါ် အခမ်းအနားကို ယနေ့ မတ်လ (၃၀) ရ က် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမ္မာန်တွင် ကျင်းပလျက်ရှိကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်များထံက သိရသည်။ ယင်းကဲ့သို့ ပြောင်းလဲခန့်အပ်တာဝန်လွှဲရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးအဖြစ် မကြာသေးမီကမှ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ်ခန့်အပ်ခံရသ ည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ခန့်အပ်ကာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချူပ်ကြီးကျော်စွာလင်း ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ ထို့ပြင် တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ဒုတိယဗိုလ် ချုပ်ကြီး ကိုကိုဦးကို ခန့်အပ်တာဝန် ပေးလိုက်ကြောင်းသိရသည်။ The post တပ်မတော် ကာကွယ်ရေးစီးချုပ် နှင့် ဒုတပ်ချုပ် ပြောင်းလဲခန့်အပ် တာဝန်လွှဲခြင်း အခမ်းအနားကို နေပြည်တော်တွင် ကျင်းပ appeared first on Popular .
Go to News Site