Popular Journal
Credit to Popular Journal - မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ မတ် ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ် ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ရဲဝင်းဦးတို့သည် အလေးပြုခံစင်မြင့်၌ ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူစဥ် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် (၁၉) ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်ခဲ့သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်လက်ခံထမ်းဆောင်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့မှ ဂုဏ်ပြုမိန့်ခွန်းများပြောကြားခဲ့ကြသည်။ စစ်ရာထူးခန့်ချုပ် ဒု-ဗိုလ်ချုပ်ကြီးထိန်ဝင်းက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးခန့်အပ်ကြောင်း ခန့်အပ်လွှာအားဖတ်ကြားတင်ပြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် […] The post တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်အား ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တာဝန်ယူ appeared first on Popular .
Go to News Site