Popular Journal
Credit to Popular Journal - နိုင်ငံတော်၊ ပြည်သူလူထုနှင့် တပ်မတော်၏ အကျိုး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာမှ ဆက်လက် အကျိုးပြုလုပ်ဆောင်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ မြန်မာ့တပ်မတော်၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ မတ် ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ကျင်းပပြုစဥ် ဂုဏ်ပြုမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်တာဝန်များကို စုစည်းညီညွတ်စွာကြိုးပမ်းဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။ “ကမ္ဘာတည်သ၍ မြန်မာတည်ရမည်၊ မြန်မာတည်သ၍ မြန်မာ့တပ်မတော် တည်ရှိရမည်၊ ကောင်းမြတ်တဲ့တပ်မ တော်ရဲ့ သမိုင်းအစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရတဲ့၊ ပြည်သူလူထုက အားကိုးရတဲ့ တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြပါ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မတော်တာဝန်များထမ်းဆောင်ခဲ့မှု၊ ခေတ်အဆက်ဆက် […] The post ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာမှဆက်လက်အကျိုးပြုလုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော appeared first on Popular .
Go to News Site