Collector
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ဗိုလ်ချုပ်ကြီးရဲဝင်းဦးပြော | Collector
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ဗိုလ်ချုပ်ကြီးရဲဝင်းဦးပြော
Popular Journal

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ဗိုလ်ချုပ်ကြီးရဲဝင်းဦးပြော

Credit to Popular Journal - နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကိုဆက်လက်လျှောက်လှမ်းနိုင်ရေးတို့အတွက် တာဝန်များကိုထမ်းဆောင်သွားမည်ဖြစ်ကာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင်လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ မတ် ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ကျင်းပပြုစဥ် တပ်မတော်ကာကွယ်ရေးဦးစီးတာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ဗိုလ်ချုပ်ရဲဝင်းဦးမှ ဂုဏ်ပြုမိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့သည့် (၁၅) နှစ်တာအတွင်း ခေတ်မီတပ်မတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်လုပ်ဆောင်ခဲ့သဖြင့် မိမိအနေနှင့်လည်း တပ်မတော်ကို သမားရိုးကျစစ်ဆင်နွှဲနိုင်သည့်၊ တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထားဖွဲ့စည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောသည်။ ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူထား၍ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး (၃) ပါးကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ယခုတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာဆက်လက်ကြိုးပမ်းထမ်းဆောင်သွားမည်ဟု […] The post ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ဗိုလ်ချုပ်ကြီးရဲဝင်းဦးပြော appeared first on Popular .

Go to News Site