Collector
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန် | Collector
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်
Popular Journal

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်

Credit to Popular Journal - ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာစာအုပ်ကို (အင်္ဂလိပ် / မြန်မာ) နှစ်ဘာသာဖြင့် ယနေ့ မတ်လ ၃၀ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယင်းအစီရင်ခံစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဝက်ဘ်ဆိုဒ်ဖြစ်သည့် http://www.unionsupremecourt.gov.mm တွင်လည်း လွှင့်တင်ဖော်ပြထားကြောင်း သိရသည်။ တရားစီရင်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများအနေဖြင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိစေရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း အသိပေးထားသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် တရားရုံးနှစ်စဉ်အစီရင်ခံစာများကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုထုတ်ပြန်လိုက်သည့် ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၁၀ အုပ်မြောက် နှစ်စဉ်အစီရင်ခံစာဖြစ်သည်။ အစီရင်ခံစာစာအုပ်တွင် […] The post ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန် appeared first on Popular .

Go to News Site