Collector
မြ၀တီမြို့နယ်၊ဖလူးကြီးကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကျဲမှု နေအိမ်များ မီးလောင်ပျက်စီး၊ စစ်တပ်က အရပ်သားပစ်မှတ်တွေကို ဆက်တိုက် ပိုမို တိုက်ခိုက်လာ | Collector
မြ၀တီမြို့နယ်၊ဖလူးကြီးကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကျဲမှု နေအိမ်များ မီးလောင်ပျက်စီး၊ စစ်တပ်က အရပ်သားပစ်မှတ်တွေကို ဆက်တိုက် ပိုမို တိုက်ခိုက်လာ
Khit Thit Media

မြ၀တီမြို့နယ်၊ဖလူးကြီးကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကျဲမှု နေအိမ်များ မီးလောင်ပျက်စီး၊ စစ်တပ်က အရပ်သားပစ်မှတ်တွေကို ဆက်တိုက် ပိုမို တိုက်ခိုက်လာ

ရန်ကုန်၊ မတ် ၃၀ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဖလူးကျေးရွာအုပ်စုက ဖလူးကြီးကျေးရွာကို အာဏာ သိမ်းစစ်တပ်က လေကြောင်းကနေ ဒရုန်းနဲ့ မီးလောင်ဗုံးကျဲချ တိုက်ခိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသပြည်သူတွေက ပြောပါတယ်။ မတ်လ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ အဆိုပါ ဖလူးကြီးကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းအသုံးပြုပြီး မီးလောင်ဗုံးကျဲချခဲ့တာလို့ ဆိုပါတယ်။ အခုလို စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ဖလူးကြီးကျေးရွာအတွင်းက အရပ်သားဒေသခံတွေရဲ့ နေအိမ် ၁၀လုံးကျော် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ဗုံးကျဲခံရတဲ့ ဖလူးကြီးကျေးရွာဟာ မြဝတီမြို့ တောင်ဘက်မှာတည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာဒေသဖြစ်ကာ KNLAတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရှိရပါတယ်။ ဒီနှစ်ဆန်းပိုင်းကစပြီး စစ်တပ်က လေယာဉ်နဲ့ […] The post မြ၀တီမြို့နယ်၊ဖလူးကြီးကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကျဲမှု နေအိမ်များ မီးလောင်ပျက်စီး၊ စစ်တပ်က အရပ်သားပစ်မှတ်တွေကို ဆက်တိုက် ပိုမို တိုက်ခိုက်လာ appeared first on Khit Thit Media .

Go to News Site