Popular Journal
Credit to Popular Journal - ဧပြီလအစောပိုင်းတွင် အပူအညွှန်း သည် အန္တရာယ်ရှိသော ၆၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာနိုင်ပြီး ခံနိုင်ရည်အားနည်းသော ထိခို_က်လွယ်သောလူအုပ်စုများအတွက် အဓိက အန္တရာယ် တစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်း(ဒီအီးအက်စ်) ဝန်ကြီးဌာနက တနင်္လာနေ့တွင် သတိပေးခဲ့သည်။ အပူအညွှန်း သည် လေထုအပူချိန်နှင့် နှိုင်းရစိုထိုင်းဆကို ပေါင်းစပ်ထားပြီး ပတ်ဝန်းကျင်အပူချိန်ထက် ခန္ဓာကိုယ်က အမှန်တကယ်ခံစားရသည့် အပူကို ထင်ဟပ် ဖေါ်ပြသည်။ စိုထိုင်းဆမြင့်မားခြင်းသည် အပူဖိအားကို သိသိသာသာတိုးစေသည်။ အပူညွှန်းမြင့်မားခြင်းသည် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နာတာရှည်ရောဂါသမားများ သို့မဟုတ် အဝလွန်သူများ၊ အဆောက်အအုံပြင်ပအလုပ်သမားများ၊ စိတ်ရောဂါဝေဒနာရှင်များနှင့် အရက်စွဲသူများကဲ့သို့သော ထိခို_က်လွယ်သော အုပ်စုများအတွက် အထူးအန္တရာယ်ဖြစ်စေနိုင်ကြောင်း ဒီအီးအက်စ်က သတိပေးခဲ့သည်။ ပြည်သူများအနေဖြင့် ရာသီဥတုခန့်မှန်းချက်များနှင့် အချိန်နှင့်အမျှ အပူအညွှန်း ထုတ်ပြန်ချက်များကို မှတ်သားထားရန်နှင့် နေ့လည် ၁ […] The post ဧပြီလဆန်း၌အပူအညွှန်း ၆၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင် appeared first on Popular .
Go to News Site