Popular Journal
Credit to Popular Journal - အီရန်စစ်ပွဲကို အဆုံးသတ်ရန် ကြားဝင်စေ့စပ်ပေးသည့် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါကစ္စတန်သည် တုကီးယေး၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျတို့နှင့် ဆွေးနွေးပွဲများကို လက်ခံကျင်းပခဲ့ပြီး ကနဦးဆွေးနွေးမှုများတွင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန် အဆိုပြုချက်များအပေါ် အဓိကထားခဲ့သည်ဟု ယင်းအကြောင်းအရာနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ မြေပြင်စစ်ဆင်ရေးများမလုပ်ရန် အီရန်က အမေရိကကို သတိပေးခဲ့ပြီး အီရန်နှင့် အမေရိက-အစ္စရေးတို့အကြား ဆက်လက်ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာချိန်တွင် ဒေသတွင်း အင်အားကြီးသုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဆွေးနွေးပွဲများတက်ရောက်ရန် အစ္စလာမ်မာဘတ်သို့ ရောက်ရှိလာခဲ့သည်။ သင်္ဘောများသွားလာမှု တည်ငြိမ်စေရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါကစ္စတန်တွင် တွေ့ဆုံဆွေးနွေးသည့် နိုင်ငံများသည် ရေကြောင်းသွားလာမှုနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ခြင်းနှင့် ဆက်စပ်သော အဆိုပြုချက်များကို ဝါရှင်တန်ထံ တင်ပြခဲ့ကြောင်း သတင်းရင်းမြစ်ငါးခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တုကီယေးကဲ့သို့ပင် […] The post အီရန်ဆွေးနွေးပွဲဖြစ်မြောက်ရေး ဒေသတွင်းအင်အားကြီးများနှင့် ပါကစ္စတန် ဆွေးနွေး appeared first on Popular .
Go to News Site