Popular Journal
Credit to Popular Journal - မတ်လ ၃၁ ရက် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ ပိုမိုဈေးကြီးနေသော်လည်း ယခုသီတင်းပတ်ကုန်တွင် စတင်မည့် နှစ်ပတ်လည် ချင်းမင်းပွဲတော် အားလပ်ရက်အတွက် တရုတ်နိုင်ငံ၏ လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှုများသည် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV ၏ ဖော်ပြချက်အရ ကြာသပတေးနေ့အထိ အားလပ်ရက်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုပေါင်း ၂.၀၄ သန်း ရှိခဲ့ပြီဖြစ်ကြောင်း TravelSky Technology မှ အချက်အလက်များကို ကိုးကား၍ ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတကာခရီးစဉ် (အဝင်/အထွက်) ကြိုတင်မှာယူမှုမှာ ၆၀၀,၀၀၀ ရှိပြီး ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံရှိ အခြေခံပညာကျောင်းအများစု၏ နွေဦးအားလပ်ရက်များသည် ဧပြီလ ၁ ရက် နေ့မှ […] The post ဧပြီလအားလပ်ရက်များအတွက် တရုတ်လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှု ၂၀ ရာခိုင်နှုန်း မြင့်တက် appeared first on Popular .
Go to News Site