Popular Journal
Credit to Popular Journal - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျမည်ဟု ခန့်မှန်းရသည့် အမေရိကန်ပြည်ထောင်စု၏ အီရန်စစ်ပွဲကုန်ကျစရိတ်ကို အာရပ်နိုင်ငံများထံမှ တောင်းသွားမည်ဟု ယူဆကြောင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုသည်။ ၁၉၉၀ ပြည့်နှစ် ပင်လယ်ကွေ့စစ်ပွဲတွင် ဝါရှင်တန် ဝင်ပါခဲ့ရမှုအတွက် အမေရိကန်မဟာမိတ်များက ငွေကြေးထောက်ပံ့ပေးခဲ့သလိုမျိုး လက်ရှိစစ်ပွဲအတွက် အာရပ်နိုင်ငံများက ငွေပေးချေသင့် မသင့် ထရမ့်ပ်၏ ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်ကို မေးမြန်းခဲ့သည်။ အာရပ်နိုင်ငံများထံမှ စစ်စရိတ်တောင်းဆိုမည့် ကိစ္စသည် သမ္မတ စိတ်ဝင်စားသည့်အရာဖြစ်မည်ဟု သူ ထင်ကြောင်း လီဗစ်က သတင်းထောက်များကို ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ သမ္မတကို ကျော်မပြောလိုသော်လည်း အဆိုပါ စိတ်ကူး သူ့တွင်ရှိသည်ကို သူ သိပါကြောင်းနှင့် သမ္မတထံက ပို၍တိကျစွာကြားရမည်ဟု ထင်ပါကြောင်း လီဗစ်က ပြောဆိုခဲ့သည်။ ပင်လယ်ကွေ့စစ်ပွဲတွင် အီရတ်က ကူဝိတ်ကို ကျူးကျော်ခဲ့မှုကို […] The post စစ်စရိတ်ကို အာရပ်နိုင်ငံများထံမှ တောင်းရန် ထရမ့်ပ် စိတ်ဝင်စားဟု ဆို appeared first on Popular .
Go to News Site