Popular Journal
Credit to Popular Journal - ယနေ့ မတ်လ ၃၁ရက်တွင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် အမည်စာရင်းတင်သွင်းထားသည့် ဒုတိယသမ္မတလောင်း (၂) ဦးအား ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးရာ ဆန္ဒမဲလက်မှတ် ၂၆၀ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆန္ဒမဲ ၂၄၇ မဲ ၊ ဒေါက်တာကျော်ဆွေမှ ဆန္ဒမဲ ၁၀ မဲ၊ ပယ်မဲ ၃ မဲဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်စာရင်းအား ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြမည် ဖြစ်သည်။ ထို့နောက် […] The post ပြည်သူ့လွှတ်တော်မှ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ပြီးနောက် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ ပြီးဆုံး appeared first on Popular .
Go to News Site