Popular Journal
Credit to Popular Journal - အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ(နွေ ရာသီ)သင်တန်း (၁/၂၀၂၆)သင်တန်းဆင်းပွဲကို ယနေ့ မတ် ၃၁ ရက်က ရန်ကုန်မြို့၌ကျင်းပရာ မြန်မာအာကာ သအေဂျင်စီ အမှုဆောင်အရာရှိချုပ်ဒေါက်တာစိုးမြင့်မောင်တက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ယနေ့ခေတ်တွင် အာကာ သနည်းပညာသည် မိမိတို့၏ နေ့စဉ်ဘဝများ၊ ဆက်သွယ်ရေးကဏ္ဍများမှစ၍ ကမ္ဘာမြေကြီး၏ပြောင်းလဲမှုများကိုလေ့လာစောင့်ကြည့်သောနေရာများအထိ အ လွန်အရေးပါသည့်အခန်းကဏ္ဍများတွင်ပါဝင်နေသည်ဟုပြောကြားခဲ့သည်။ ထို့ကြောင့် အာကာသသိပ္ပံနှင့် နည်းပညာသည်စိန်ခေါ်မှုများပြီး စိတ်လှုပ်ရှားစရာကောင်းသဖြင့် လက်တွေ့စမ်း သပ်မှုများ၌တက်ကြွစွာပါဝင်ကြရန်လည်း ဒေါက်တာစိုးမြင့်မောင်က တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါ အခြေခံပညာအဆင့် အာကာသနည်းပညာအ ခြေခံ(နွေရာသီ)သင်တန်း(၁/၂၀၂၆)အား ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများမှ Grade 9၊ Grade 10 နှင့် Grade 11 တို့မှ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးခန့်က (၄)ပတ်ကြာတက်ရောက်သင်ကြားခဲ့ကြသည်။ သင်တန်းကို မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်၊ အာကာသသိပ္ပံနှင့် နည်းပ ညာပိုင်း၌ ထူးချွန်သည့်အနာဂတ်မျိုးဆက်သစ်များ […] The post အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ(နွေ ရာသီ)သင်တန်း (၁/၂၀၂၆)သင်တန်းဆင်းပွဲကျင်းပ appeared first on Popular .
Go to News Site