Collector
ဖက်ဒရယ် ဦးဆောင်ကောင်စီမှတစ်ဆင့် ဖက်ဒရယ်တပ်မတော်ဆီသို့ ဦးတည်ပြီး လက်နက်ကိုင်တပ်အားလုံး အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဟု NUG ယာယီသမ္မတ ပြော | Collector
ဖက်ဒရယ် ဦးဆောင်ကောင်စီမှတစ်ဆင့် ဖက်ဒရယ်တပ်မတော်ဆီသို့ ဦးတည်ပြီး လက်နက်ကိုင်တပ်အားလုံး အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဟု NUG ယာယီသမ္မတ ပြော
Khit Thit Media

ဖက်ဒရယ် ဦးဆောင်ကောင်စီမှတစ်ဆင့် ဖက်ဒရယ်တပ်မတော်ဆီသို့ ဦးတည်ပြီး လက်နက်ကိုင်တပ်အားလုံး အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဟု NUG ယာယီသမ္မတ ပြော

ရန်ကုန်၊ မတ် ၃၁ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီမှတစ်ဆင့် ဖက်ဒရယ်တပ်မ တော်ဆီသို့ ဦးတည်ပြီး လက်နက်ကိုင်တပ်အားလုံးကို အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလကထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဖွဲ့စည်းခြင်း အခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါကောင်စီမှတစ်ဆင့် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်၌ ထားရှိကာ စနစ်ကျနသော ဖက်ဒရယ်တပ်မတော် ပေါ်ထွန်းလာရေးအတွက် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ယခုအသစ်ဖွဲ့စည်းလိုက်သည့် ဦးဆောင်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် လူထုကိုယ်စားလှယ်များ စုပေါင်းပါဝင်သည့် ကျယ်ပြန့်သော နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်စုဖွဲ့မှုဖြစ်သည်။ တော်လှန်ရေးအင်အားစုများအကြား စစ်ရေးအရ စုစည်းကွပ်ကဲရန်နှင့် အမျိုးသားညီညွတ်မှုကို အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်သည့် မဟာဗျူဟာမြောက် […] The post ဖက်ဒရယ် ဦးဆောင်ကောင်စီမှတစ်ဆင့် ဖက်ဒရယ်တပ်မတော်ဆီသို့ ဦးတည်ပြီး လက်နက်ကိုင်တပ်အားလုံး အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဟု NUG ယာယီသမ္မတ ပြော appeared first on Khit Thit Media .

Go to News Site