Khit Thit Media
ရန်ကုန်၊ မတ် ၃၁ အကြမ်းဖက်စစ်ခေါင်ေးဆာင် မင်းအောင်လှိုင် သမ္မတလုပ်ရန် လုပ်ဆောင်ချက် အပေါ် အာဆီယံလွှတ်တော်အမတ်များက ယနေ့ ပြင်းထန်စွာ ရှုတ်ချလိုက်ကြသည်။ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က မြန်မာစစ်ကောင်စီက မင်းအောင်လှိုင်အား သမ္မတရာထူးရရှိစေရန် စနစ်တကျ စီစဥ်ဖန်တီးထားသည့် လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ နုတ်ထွက်ပြီးနောက် စစ်ကောင်စီက ထိန်းချုပ်ထားသည့် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုဖြင့် ဒုတိယသမ္မတအဖြစ် ချက်ချင်းခန့်အပ်ခံရကာ သမ္မတဖြစ်လာရန် လမ်းခင်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီသည် အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုများ၊ မတရားဖမ်းဆီးမှုများ၊ အရပ်သားလူနေရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုများကို လုပ်ဆောင်ခဲ့သည်။ မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းသည် ပြည်သူများကို […] The post မင်းအောင်လှိုင် သမ္မတ လုပ်ရန် လုပ်ဆောင်ချက် အပေါ် အာဆီယံလွှတ်တော်အမတ်များက ပြင်းထန်စွာ ရှုတ်ချ appeared first on Khit Thit Media .
Go to News Site