Collector
ပြည်ပနိုင်ငံသား(၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း | Collector
ပြည်ပနိုင်ငံသား(၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း
Popular Journal

ပြည်ပနိုင်ငံသား(၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း

Credit to Popular Journal - ဖိလစ်ပိုင်နိုင်ငံသား(၂)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁)ဦးတို့သည် ကရင်ပြည်နယ်၊ မြဝတီရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့ကြသဖြင့် ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် မတ် ၃၁ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကိုစနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ၎င်းတို့(၃)ဦးအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မတ် ၃၁ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် တရားမဝင်ဝင်ရောက်လာခဲ့သည့် အိန္ဒိယနိုင်ငံသား(၁)ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက် တာဝန်ရှိသူများမှစစ်ဆေးခဲ့ကြကြောင်း သိရသည်။ The post ပြည်ပနိုင်ငံသား(၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း appeared first on Popular .

Go to News Site