Popular Journal
Credit to Popular Journal - ပဲခူးတိုင်းအတွင်းရှိမြို့နယ်အချို့၌ နေ့အပူချိန်(၄၀) ဒီဂရီဆဲစီးယပ်အထက်ရောက်ရှိကာ အပူချိန်မြင့်တက်လျက်ရှိကာ ယနေ့ ဧပြီ ၁ ရက်မှ ဧပြီ ၆ ရက်အတွင်း အ ပူလှိုင်းဖြတ်သန်းမည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့မှ ယနေ့ ဧပြီ ၁ ရက်က အသိပေးထားသည်။ လက်ရှိအချိန်၌ တောင်ငူမြို့၊ ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာ၊ ပဲခူးမြို့၊ ဖြူးမြို့တို့တွင် နေ့အပူချိန် (၄၀) ဒီဂရီဆဲစီးယပ်အထက်မြင့်မားလျက်ရှိပြီး အပူချိန်များမြင့်တက်လျက်ရှိသည်ဟု အသိပေးထားသည်။ ထို့ကြောင့် ပဲခူးတိုင်းအတွင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်နှင့် မဖြစ်မနေအပြင်ထွက်ရပါက ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည်တို့ ဝတ်ဆင်သွားလာကြရန်လည်း ပဲခူးတိုင်းအစိုးရအဖွဲ့က သတိပေးနှိုးဆော်ထားသည်။ ပဲခူးတိုင်းနည်းတူ လက်ရှိအချိန်၌ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ဆင်ဖြူကျွန်းမြို့၊ ချောက်မြို့၊ မြဝတီမြို့တို့တွင်လည်း နေ့အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်အထက်မြင့်မားလျက်ရှိ၍ အထူးသတိပြုကြရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက သတိပေးထားသည်။ အပူလှိုင်းဖြတ်သန်းပြီး […] The post ပဲခူးတိုင်းအတွင်းရှိမြို့နယ်အချို့၌ နေ့အပူချိန်(၄၀) ဒီဂရီဆဲစီးယပ်အထက်မြင့်တက်နေ appeared first on Popular .
Go to News Site